နည်းပညာပိုင်းနဲ့မပတ်သက်ပေမဲ့လည်း သိသင့်တယ်ထင်လို့ ကျွန်တော်တင်ပေးလိုက်ပါတယ်ဗျာ....

ကား အင်ဂျင်ဘယ်လိုအလုပ်လုပ်လဲ ဆိုတာကို လူတိုင်း မသိပါဘူး။ ကားမောင်းနေတဲ့ သူအချို့ တောင် မသိပါဘူး။ သိလည်း အရပ်စကား အခေါ်အဝေါ်တွေကြောင့် လေ့လာရ ခက်ပါတယ်။ ဒါကြောင့် အင်ဂျင်နီယာ အခေါ်အဝေါ် နည်းပညာနဲ့ ကားအင်ဂျင်အလုပ်လုပ်ပုံ ကို အကျဉ်းချုပ်လို့ အလွယ်ကူဆုံး ရှင်းပြ လိုက်ရ ပါတယ်။ Stroke ၄ ခု ရှိ လုပ်ဆောင်ချက် လေးခုပါ။ အနီးစပ်ဆုံးအားဖြင့် ငယ်ငယ်တုန်းက စော့တဲ့ ရေပြွတ်သေနတ်ကို စိတ်ကူး ကြည့်နိုင်ပါတယ်။ ရေဆုပ်ထည့်လိုက်တာကို Intake, ပြန် ဖိချလိုက်တာကို Compressoin, ရေထွက် သွားတာကို Power ဆိုပြီးတော့ စဉ်းစားနိုင်ပါတယ်။ 

 ဒီတော့ ကားအင်ဂျင်မှာကျ - Intake Stroke ဆလင်ဒါ ထဲမှာ (Piston)ပစ်စတင်နဲ့ ပိတ်ထားပါတယ်။ အပေါ်ကနေ လိုအပ်တဲ့ လေ ထည့်လိုက်ပြီး ယင်းအခြေအနေကို Intake လုပ်နေတဲ့အခြေအနေ၊ ထည့်နေတဲ့အခြေအနေ (Intake Stroke) လို့ ခေါ်ပါတယ်။ Compressoin Stroke အပေါ်ကနေ လိုအပ်တဲ့ လောင်စာကို ထည့်လို့ ပြည့်ပြီဆိုရင် ဖိရပါမယ်။ အောက်က ပိတ်ထားတဲ့ Piston က အပေါ် တက်လာပြီး ဖိလိုက်တဲ့အခါ ဖိလိုက်တဲ့ အားကြောင့် အတွင်းက လေ၊ဆီ၊လောင်စာတို့ဟာ အင်မတန် ပူလာ ပါတယ်။ (ဒီနေရမှာ ဒီဇယ် ဆိုရင် ဆီထည့်လိုက်ရင် မီးလောင်ကျွမ်း၊ပေါက်ကွဲမှု စတင်ပြီးပြီး Power Stroke ကို အတန်းသွား ပါတယ်။) Power Stroke ဓာတ်ဆီ အင်ဂျင်ဟာ ပူပေမယ့် မီးထိုးမှ ပေါက်ကွဲမှု ဖြစ်တာပါ။ ဒါကြောင့် မြန်မာအခေါ် စပါ့ရိုက်တယ်လို့ သိထားတဲ့ Spark plug ကနေ မီးတစ်တို့စာလောက် သွင်းပေး ပါတယ်။ ဒီတော့ အပူလွန်နေတဲ့ ဆလင်ဒါ အတွင်းက လောင်စာနဲ့ လေ အရောကို မီးတစ်မြှိုက်တို့လိုက်တော့ ပေါက်ကွဲမှု စတင် ဖြစ်ပေါ် ပါတော့တယ်။ ယင်း ပေါက်ကွဲမှုကြောင့် ပစ်စတင်နဲ့ တွဲတဲ့ လက်မောင်း (Connecting Rod) က အောက်ကျပါတယ်။ ဒီတော့ Connecting Rod နဲ့တွဲတဲ့ ကားဘီးလည်မယ့် အူတိုင်တို့အထိ ချိတ်ဆက်ထားပြီး ကားဘီးကို အဆက်မပြတ် လည်စေ ပါတော့တယ်။. Exhaust Stroke Exhuast Stroke မှာကျ ပေါက်ကွဲပြီးတဲ့ အတွင်းက ကျန်ရှိ မီးခိုးတွေကို ထုတ်တဲ့ အခြေအနေ ဖြစ်ပါတယ်။

ဒီတော့ ကားအိတ်ဇောပေါက်နေ မီးခိုးတွေ ထွက်ကုန်ပါတော့တယ်။ အထက်ပါ ပြောလိုက်တဲ့ အချက်လေးချက်က များတယ်ထင်ရပေမယ့် အားလုံး စက္ကန့်ပိုင်းအတွင်း ဖြစ်သွား ပါတယ်။ လေ၊ဆီသွင်းမယ်၊ ဖိမယ်၊ မီးတို့မယ်။ ပေါက်ကွဲမယ်၊ ပစ်စတစ် ချောင်း အပေါ်တက်အောက် ဆင်း ဖြစ်မယ်။ အဲဒီ Rod ကနေ တစ်ဆင့် ကားဘီးအူတိုင်သို့ ရောက်ပြီး လည်ပတ်မှု လုပ်ငန်းကို စတင်စေပါတော့တယ်။ ယင်းလုပ်ဆောင်ချက် ဆက်တိုက် ဖြစ်ပေါ်မှုကြောင့် ကားတွေဟာ မြန်သထက် မြန်လာ ပါတယ်။ တစ်မိနစ်ကု လည်ပတ်မှုနှုန်း ရာဂဏန်းကနေ ထောင်ဂဏန်း အထိ အင်ဂျင်က ထုတ်လုပ်ပြီး ကားဘီး ဆီကိုရောက်အောင် ပို့ဆောင်ပေးပါတယ်။ ကားအင်ဂျင်မှာကိုမှ V အမျိုးစား၊ I အမျိုးအစား၊ L အမျိုးအစား အစရှိသဖြင့် အများကြီး ကွဲပါသေးတယ်။ 

သူ့ရဲ့  ပစ်စတင်ကို တည်ဆောက်ထားပုံ ဖြစ်ပါတယ်။ အဲဒါကိုတော့ ကား Listing ဆိုဒ်များ ဖြစ်တဲ့ www.motors.com.mm နဲ့ http://www.jcabid.com/ တို့လို ဝဘ်ဆိုဒ်က ကားတွေမှာ ဝင်ရောက် လေ့လာ ကြည့်နိုင် ပါတယ်။ Type of Car Engine ဆိုပြီးတော့လည်း Google Search မှာ ကိုယ်တိုင် ရှာကြည့် နိုင်ပါသေးတယ်။ သာမန်လူတို့ နားလည်အောင် ရှင်းပြတဲ့ သဘောပါ။ Engineer များအတွက် အင်မတန် ရိုးရှင်းတဲ့ ရှင်းပြချက် တစ်ခု ဖြစ်နေတတ်ပါတယ်။ လူတိုင်း သိရှိစေဖို့ ရေးသားမျှဝေ ပေးလိုက် ရပါတယ်။ . .

https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-prn1/1238849_513009798789372_842948487_n.jpg

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ MMCSG

1 comments:

  1. အင်းလက်အထိုင်နောက်နားမှာလေဖြတ်ဘားလေးမှ လီဘာနင်းလိုက်ရင် လေဖြတ်ဘားမှ လေရူး ဆိုပြီးတချက်ထွက်လာတယ် ဘာဖြစ်လို့လဲခင်ဗျာ ကျေးဇူးပြုပြီးပြောပေးအုံး

    ReplyDelete

 
Blogger TemplateMM-CSG © 2013. All Rights Reserved. Powered by Blogger
Top