အလုပ်အကိုင်အခွင့်အလမ်း ရရှိမှု နှင့် အတူ လူဦးရေများပြားလာတဲ့ ရန်ကုန်မြို့ ဟာ အရင်ကနဲ့ မတူတော့တာမို့ ပြည်သူများ မိမိတို့  ဘဝလုံခြုံရေး နဲ့ ပတ်သတ်ပြီး စဉ်းစားဖို့ လိုလာပြီဖြစ်ပါတယ်။ 


၂၀၁၄ ခုနှစ် စစ်တမ်းအရ ရန်ကုန်တိုင်း တစ်ခုထဲမှာ ပဲ လူဦးရေ ၅သန်းကျော်ရှိလာပြီး ပြောင်းရွေ့ အခြေချသူများ များပြားလာတာကြောင့်အိမ်ခြံမြေဈေးကွက်ကလည်း မြင့်တက်လာပါတယ်။ လူဦးရေများပြာလာတာနဲ့ အတူ ထိုလူဦးရေ အားလုံး နေထိုင်ရာတွင်မရှိမဖြစ် အခြေခံ လိုအပ်ချက်များ ဖြစ်တဲ့ ရေ ၊ မီး ၊ သယ်ယူပို့ ဆောင်ရေး နဲ့ စားသောက်ကုန်များကလည်း လူဦးရေနဲ့ ထပ်တူ မျှတအောင် လိုအပ်လာပါပြီ။

ရန်ကုန်တစ်မြို့ လုံးရှိ လူဦးရေ နဲ့ တင် စင်္ကာပူနိုင်ငံရှိ လူဦးရေနဲ့ ထပ်တူ နီးပါဖြစ်နေပြီး ပြည်သူများရဲ့ အခြေခံလိုအပ်ချက်များကလည်း အဆမတန် ကွာခြားနေပါတယ်။
ထို့ အတူ ပြည်သူများ အဓိက ထားပြီး စဉ်းစားရမဲ့ အချက်ကတော့ အခြေခံလိုအပ်ချက်များထဲမှာ ပြည်သူ့ လုံခြုံရေးပဲ ဖြစ်ပါတယ်။

မိမိနေထိုင်တဲ့ အိမ်ယာ ၊ တိုက်ခန်း လုံခြုံမှု ၊ နေထိုင်ရတာ စိတ်ချလက်ချဖြစ်မှ အသက်ရှင်သန်ရတာ စိတ်ချမ်းသာမှာ ဖြစ်ပါတယ်။ မိမိတည်ရှိနေရာ ရပ်ကွက်လုံခြုံမှု  မိမိသွားလာရတဲ့ ခရီးလမ်း လုံခြုံမှု ၊ မိမိ စားသောက်နေရတဲ့ အစားအစာ ကျန်းမာရေး အရ စိတ်ချ လုံခြုံမှု စသဖြင့် တစ်ကိုယ်ရေ လုံခြုံရေးကို ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်။

မိမိ နိုင်ငံသား တစ်ဦး အနေနဲ့ မိမိ အိမ် ၊ မိမိအလုပ်အကိုင်ဝင်ငွေစတာတွေနဲ့ အခွန်ဆောင် နေထိုင်ရတဲ့အတွက် မိမိအတွက် လုံခြုံမှု ဆိုတာလည်း ခံစားခွင့် ရရှိရပါမယ်။တရားဝင် နေထိုင်တဲ့ နိုင်ငံသား တစ်ဦး ဖြစ်တဲ့ အတွက် နာမကျန်းဖြစ်လာရင် ပြသလို့ ရနိုင်မဲ့ ပြည်သူု့ ဆေးရုံမှ ကျန်းမာရေး စောင့်ရှောက်မှု ရရှိရပါမယ်။ ခိုးဆိုးလုယက်မှု မှာ ကာကွယ်ပေးမည့် ကာကွယ်ရေး ဝန်ထမ်း (ရဲ ) ရဲ့ စောင့်ရှောက်မှု ရရှိရပါမယ်။ မိမိလုပ်ကိုင်တဲ့ အလုပ်အတွက် အလုပ်သမား နဲ့ ဆိုင်တဲ့ အလုပ်သမားရေးရာ အနိုင်ကျင့်မှု ကာကွယ်ရေး စောင့်ရှောက်မှု ရရှိရပါမယ်။

မိမိ လုပ်ငန်းအတွက် ဥပဒေအရ အကာအကွယ်ပေးမည့် အစိုးရ စောင့်ရှောက်မှု ရှိရပါမယ်။ ဒါတွေဟာ နိုင်ငံတစ်ခု မှာ တရားဝင် နေထိုင်တဲ့ နိုင်ငံသားတိုင်း ရရှိသင့်တဲ့  အခြေခံ ရပိုင်ခွင့်သာ ဖြစ်ပါတယ်။

အကယ်လို့ မိမိအနေနဲ့  လုံခြုံရေးကို သတိပြုနေရပြီ ၊ စိတ်အနှောက်အယှက် ဖြစ်နေရပြီ ဆိုရင်တော့ မိမိနိုင်ငံကို စီမံခန့် ခွဲနေတဲ့ ၊ မိမိတို့ ပေးဆောင်တဲ့ အခွန်အခများဖြင့် တာဝန်ထမ်းဆောင်နေတဲ့ အဘက်ဘက်မှ တာဝန်ရှိသူများအားနည်းမှု ၊ ပေါ့လျော့မှု ကြောင့်သာ ဖြစ်ပါတယ်။ ပြည်သူ တစ်ဦး အနေနဲ့ လည်း ကာလအပိုင်းအခြားများမှ ပြောင်းလဲမှုများမှာ မိမိတို့ အခြေခံလိုအပ်ချက်များက မိမိတို့ ကို စိတ်ချမ်းသာမှု ရရှိစေသလားဆိုတာကို စဉ်းစားပြီး အပြောင်းအလဲ တစ်ခုမှ ပါဝင်နိုင်ဖို့ အကြံပြုလိုက်ပါတယ်။
Next
This is the most recent post.
Previous
Older Post

0 comments:

Post a Comment

 
Blogger TemplateMM-CSG © 2013. All Rights Reserved. Powered by Blogger
Top