Facebook Chatbox ကို ဒီအတိုင်းချက်နေရတာ ရိုးအီနေသူများအတွက် အသစ်အဆန်းပုံစံလေးနဲ့ မိမိစိတ်ကြိုက်ပြောင်းလဲလို့ရမယ့် Chrome Extension လေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီ Extension လေးက သင်ရဲ့ Chatting လုပ်နေစဉ်အတွင်း Emotions ရုပ်ပြောင်များအချို့ကိုလည်း အသုံးပြုနိုင်မှာပါ။ သင့်ရဲ့ Facebook Chatbox ကို အရွယ်အစား စာလုံးကာလာ Chatbox Interface အစရှိတာတွေကို သင့်စိတ်ကြိုက်ပြောင်းလဲနိုင်မှာပါ။ ကဲ့......စိတ်ပါဝင်စားသူများ အောက်မှာကြည့်ပြီး လိုက်လုပ်ကြည့်လိုက်ပါဗျာ..........
1.ပထမဆုံး Chrome Browser ကိုဖွင့်လိုက်ပါ။ဖွင့်ပြီးရင် အောက်ကလင့်ကို နှိပ်ပြီး သွားလိုက်ပါ။
Pretty Facebook Chat ဒီနေရာလေးကိုသွားလိုက်ပါ။အောက်ကပုံအတိုင်း များထိုးထားတဲ့နေရာလေးကို နှိပ်ပြီး Install လိုက်ပါ။
2.ပြီးရင် Browserကို Restart ချလိုက်ပါ။
3.Facebook ကို Log In လိုက်ရင် Chrome Browser ရဲ့ ညာဘက်ဒေါင့်မှာ အောက်ကပုံလေး
အတိုင်းပေါ်နေမှာပါ။ အဲဒီမှာ စာလုံးအရွယ်အစား ,Text Color,Theme တွေကို မိမိစိတ်ကြိုက်ရွေးချယ်ထားပါ။ ကျွန်တော်ကတော့ လောလောဆယ် Gangnam Style ကို ရွေးချယ်ပြထားပါတယ်။
4.ပြီးရင် Facebook ရဲ့ Chat Box ကိုဖွင့်ကြည့်လိုက်ပါ။ Chat Box အပေါ်က မိမိကြိုက်တဲ့ Emotions ပုံလေးတွေနဲ့ Chat လို့ရသလို ကျွန်တော်အကြိုက်ဆုံးကတော့ Floating Popup ကိုအကြိုက်ဆုံးပါ။ Chat Boxကို မိမိကြိုက်တဲ့ ရွေ့ယူ Chat လို့ရတာပါဘဲ..... အားလုံး ကြိုက်နှစ်သက်ကြမယ်လို့ထင်ပါတယ်။
ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ MMCSG

အဆင်ပြေပါစေ

0 comments:
Post a Comment